TruyenHHH.com

Mine S2


Karinaမှာ Winterရဲ့ လက်ကို တွဲပြီး သေနတ်ပစ်ကွင်းထဲသို့ ဝင်လာသည်

Winterရဲ့ လက်ကို Karina တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားပေမယ့်လည်း Winterက ရုန်းထာမျိုး မရှိဘဲဲ ငြိမ်ပြီး လိုက်လာသည်

မနေ့ညက Winter အရမ်းငိုနေခဲ့ချိန်က Karinaက ပွေ့ဖက်ထားခဲ့ပြီး ကတိတွေပေးခဲ့တာကို Winter မယုံသေးပေမယ့်လည်း Karinaရဲ့လက်ကိုတော့ ဆက်တွဲထားသေးသည်

မနေ့ညက တအားငိုထားတော့ Winter မျက်လုံးတွေ ယောင်နေလို့ Karinaက သေနတ်ပစ်ကွင်းမသွားဘဲနေမလားလို့ မေးခဲ့ပေမယ့် Winterကတော့ သွားချင်တယ်လို့ ပြောလို့ လိုက်ပို့ခြင်း ဖြစ်သည်

Winter သူ့ကိုယုံဖို့ အချိန်အတော်ကြာထိယူရမယ်ဆိုတာ Karinaသိသည်...Winterက သူ့ဘေးနားမှာရှိနေပြီဘဲလေ Karina မလောတော့ပါဘူး

Winterရဲ့ အဝတ်အစားတွေကဟောင်းနေလို့ ပစ်ကွင်းထဲက လူတွေက ဝိုင်းကြည့်နေတာကို Karina သတိထားမိသည်

Winterကလည်း ဂျစ်ကန်ကန်ရယ် Karinaဝယ်ပေးထားသမျှ လွှင့်ပစ်ခဲ့တာလေ ပြီးတော့ ထွက်ပြေးရာက အဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့ ပြန်လိုက်လာရတော့ Winterမှာ အဝတ်အစားသိပ်မရှိသလို Karinaအိမ်မှာလည်း အဝတ်အစားသိပ်မရှိပေ

Bang...Bang

Karinaမှာ အနောက်ကနေ ရပ်ပြီး သူ့မိန်းမ သေနတ်ပစ်တာကို ကြည့်နေသည်

Winterမှာ သေနတ်မောင်းတင်ပြီး ပစ်မှတ်ကို သေချာချိန်ကာ အဓိကနေရာတွေကို ထိမှန်အောင် ပစ်နိုင်သည်

အတော်ဆုံး Marksman Yizhuoဆီက သေနတ်ပစ်သင်ထားတာဆိုတော့လည်း အံံ့သြစရာတော့ သိပ်မရှိဘူးလေ

Winterကလည်း Yizhuoလောက် နီးပါး ပစ်မှတ်ကို သပ်ရပ်သေသပ်စွာ ပစ်နိုင်ပါတယ်

"ဘယ်လိုလည်း အဆင်ပြေလား "

Winter သူ့နားကြပ်ကို ဖြုတ်ပြီး Karinaကို မေးလိုက်သည်

"အရမ်းလန်းတယ် "

Karinaမှာ ပြောပြီး Winterကို နမ်းလိုက်သည် Winterမှာ ရုတ်တရက် အနမ်းခံရလို့ ခန္ဓာကိုယ်လေးက တုန်သွားသည်

"Mikeနဲ့အတူ တစ်ပတ်တစ်ခါ ဒီကိုလာလေ တို့ခွင့်ပြုပေးမယ် စိတ်ပြေလက်ပျောက်ဖြစ်အောင်....ပြီးတော့ သူက မင်းကို တစ်ခြားသေနတ်တွေ ပစ်နည်းပါသင်ပေးလိမ့်မယ်  "

Winterက ခေါင်း​ညိတ်ပြသည်

ထိုစဥ် Karinaမှာ Winterလက်ထဲက သေနတ်ကို လှမ်းယူပြီး Winterကို ကြည့်နေတဲ့ ကောင်လေးကို သေနတ်နဲ့ချိန်လိုက်သည်

"Jimin...."

Winterမှာ လန့်ပြီး Karinaလက်က သေနတ်ကို အမြန်ဆွဲလုလိုက်သည်

Karina အရင်စိတ်နဲ့ဆိုရင် ထိုကောင်လေးကို ပစ်သတ်မိမှာသေချာတယ် ခုတော့ Winterဆီက ခွင့်လွှတ်မှု အမြင်ကြည်ဖို့အတွက် အမှတ်ယူဖို့အတွက် လိမ်မာပြရအုံးမယ်လေ

သေနတ်ပစ်ကွင်းကနေပြန်လာပြီးနောက် အိမ်ကို မပြန်ဘဲ တစ်ခြားဘက်သွားနေတော့ Winterမှာ Karinaကို မေးလိုက်သည်

"ဘယ်သွားနေတာလည်း Karina "

"မင်းကို အဝတ်အစားအသစ် ဝယ်ပေးမလို့ ပြီးတော့ သေနတ်ရော "

"အဝတ်အစားအသစ်တွေမလိုပါဘူး "

"မင်း သေနတ်ပစ်ကွင်းကို သွားချင်တယ်ဆိုရင်တော့ အဝတ်အစားအသစ်လိုတယ် Minjeong "

Winterလည်း ဘာမှဆက်မပြောတော့ဘဲ Karinaခေါ်ရာ လိုက်သွားလိုက်သည်

Mallကိုရောက်တော့ Mikeတို့မှာ Karinaနဲ့ Winterကို သေချာကာကွယ်ပေးနေကြသည်

Mallထဲ လျှောက်ပတ်ရင်း ဆိုင်တစ်ဆိုင်ရှေ့ ရောက်တော့ Karina ရပ်လိုက်သည်

ထို့နောက် ဆိုင်က ဝန်ထမ်းမလေးကို Karina လှမ်းခေါ်ပြီး

"အဝတ်အစား ဖိနပ် အစုံ သူ့ကို ပြပေးပါအုံး "

"ရစေရပါမယ် Boss "

ဝန်ထမ်းမလေးမှာ Karinaကို ဦးညွှတ်ပြီး ပြောလိုက်သည်

Winterမှာ အရောင်းဝန်ထမ်းမလေးနောက် လိုက်သွားစဥ် Mikeက Karinaရဲ့ ဘေးနားကို ရောက်လာသည်

"အားလုံးအဆင်ပြေရဲ့လား"

Mikeကမေးတော့ Karinaမှာ သူ့ဆံပင်ကို လက်နဲ့ထိုးဖွလိုက်သည်

"တစ်မိုးအောက်တစ်နေရာတည်းမှာ အတူရှိနေသေးတော့ ပြေတယ်ဘဲ ပြောရမယ် "

"တကယ် အဆင်ပြေနေလို့လား "

"Minjeongက ငါ့ကို ထိခွင့်ပေးတယ်လေ သူ့ကိုထိခွင့်ပေးတယ် အဲ့တာနဲ့တင်လုံလောက်နေပါပြီ ဒါနဲ့ သူဘယ်ရောက်သွားလည်း "

Karina သူ့မျက်လုံးရှေ့ကနေ Winterကို မတွေ့ရတော့လို့ လန့်သွားတယ်

"အဝတ်လဲခန်းထဲမှာပါ "

Mikeက တည်တည်ငြိမ်ငြိမ်နဲ့ပြောလိုက်သည်

Karinaမှာ ခေါင်းညိတ်ပြပြီး သူ့ဖုန်းကိုထုတ်ကာ Yuqiဆီ စာပို့လိုက်သ​ည်

Yuqiဆိုတဲ့တစ်ယောက်က Karinaအားထားရတဲ့ လူယုံအသစ်တစ်ယောက်လို့ပြောရမည်

Aeriလိုဘဲ ငယ်ရွယ်ဖြတ်လတ်ပြီး
အလုပ်တစ်ခုကို ကောင်းကောင်းမွန်မွန်နဲ့လုပ်နိုင်သူပင်

Karina ထောင်ခဏကျစဥ်က USက လုပ်ငန်းကိစ္စတွေကိုလည်း မရပ်တန့်သွားအောင် Yuqiကဘဲ ဦးဆောင်လုပ်ကိုင်ပေးခဲ့တာ

Karina မရှိတဲ့အချိန် Yu businessကို သိမ်းပိုက်လို့ရပေမယ့် Yuqiကတော့ သစ္စာရှိသူပီပီ ထိန်းသိမ်းထားပေးရုံပင်

ပြီးတော့ Yu Businessကို ကျယ်ပြန့်အောင် Yuqiက လုပ်ကိုင်နိုင်လို့ Karina စိတ်အေးရတယ်လေ

Yuqi ရှိနေလို့ Minjeongအနားမှာ သူအခုလို အေးအေးဆေးဆေး နေနိုင်တာ

Karinaမှာ အဝတ်လဲခန်းဘက်ကို သွားပြီး ပိတ်ထားတဲ့ တံခါးတစ်ချပ်ကို ခေါက်လိုက်သည်

"Minjeong "

"ဟုတ် "

"မင်းလိုချင်တာ ရှာတွေ့ပြီလား "

Karina သူ့ဘောင်းဘီအိတ်ထဲ လက်ထည့်ပြီး မေးလိုက်သည်

"တွေ့ပြီ "

"Okay "

Karinaမှာ အဝတ်လဲခန်းရှေ့က ထိုင်ခုံတွင် ထိုင်ရင်း စောင့်လိုက်သည်

"ကျွန်မကို သတိရနေလား "

ဝန်ထမ်းမလေးမှာ အဝတ်လဲခန်းရှေ့စောင့်နေတဲ့ Karinaကို မေးလိုက်သည်

"ငါ့မိန်းမကိုဘဲ လွမ်းနေသတိရနေတာ "

Karinaမှာ ပြောပြီး ထရပ်ကာ Winter အခန်းရှေ့သွားရပ်လိုက်သည်.....

ဝန်ထမ်းမလေး အီစီကလီလာလုပ်တာကို Karina ဂရုမစိုက်ဘူး သူ့စ်ိတ်အာရုံထဲ Winter ဘဲ ရှိနေ စိုးမိုးနေတယ်လေ

"Minjeong "

Karinaက တံခါးခေါက်တော့ Winterမှာ တံခါးဖွင့်ပေးလိုက်သည်

"အဆင်ပြေရဲ့လား ကြာနေလို့ "

"ငါ့တစ်ကိုယ်လုံးမှာ အမာရွတ်တွေချည်းဘဲ "

"အမာရွတ်တွေရှိတော့ ဘာလုပ်ရမှာလည်း မင်းအတွက် တို့ရွေးပေးမယ် "

Karinaမှာ ပြောရင်း အဝတ်အစားတွေကို ရွေးလိုက်သည်

"Model လိုရင် ပြောနော် တို့ မင်းအတွက် Modelလုပ်ပေးမယ် "

ဝန်ထမ်းမလေးက ကြည့်နေမှန်းသိလို့ Winterရဲ့ နှုတ်ခမ်းကို Karina နမ်းလိုက်သည်

Winter အနားမှာဘဲ ခစားနေချင်သည် ဘယ်မိန်းမကိုမှ Karinaမလိုချင်...ဘယ်သူနဲ့မှလည်း အီစီကလီမလုပ်ချင်

Karinaအတွေးထဲ စိတ်ထဲ ရင်ထဲ နှလုံးသားထဲ Winterကဘဲ အမြဲစိုးမိုးနေတယ်ဆိုတာ စနှိုက်ကြော်ချင်တဲ့သူတွေ သူ့နေရာသူသိအောင် Karina ပြသချင်သည်

#tbc

#zawgyi



Winterရဲ့ လက်ကို Karina တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားပေမယ့်လည်း Winterက ရုန်းထာမျိုး မရှိဘဲ ငြိမ်ပြီး လိုက်လာသည်






Bang...Bang



အတော်ဆုံး Marksman Yizhuoဆီက သေနတ်ပစ်သင်ထားတာဆိုတော့လည်း အံ့သြစရာတော့ သိပ်မရှိဘူးလေ




"အရမ်းလန်းတယ် "





"Jimin...."













"ရစေရပါမယ် Boss "









"အဝတ်လဲခန်းထဲမှာပါ "










"Minjeong "

"ဟုတ် "



"တွေ့ပြီ "

"Okay "


"ကျွန်မကို သတိရနေလား "




ဝန်ထမ်းမလေး အီစီကလီလာလုပ်တာကို Karina ဂရုမစိုက်ဘူး သူ့ဈိတျအာရုံထဲ Winter ဘဲ ရှိနေ စိုးမိုးနေတယ်လေ

"Minjeong "










#tbc

Bạn đang đọc truyện trên: TruyenHHH.com