TruyenHHH.com

Mine S2


"တို့ ထောင်ခဏကျနေချိန်က အကြောင်းအရာတွေ အများကြီး တွေးဖြစ်မိတယ် အထူးသဖြင့် တို့အနာဂတ်အကြောင်းရော.... မင်းက တို့အနာဂတ်ဘဲ Minjeong "

Karinaရဲ့ စကားကြောင့် Winter ခေါင်းခါယမ်းလိုက်သည်

"တို့ Aeri မရှိဘဲလည်းနေနိုင်တယ် တို့မိဘတွေ မရှိဘဲနဲ့လည်း နေနိုင်တယ် ဒါပေမယ့် မင်းမရှိဘဲ မနေနိုင်ဘူး တို့မနေနိုင်ဘူး Minjeong "

Karinaရဲ့စကားကြောင့် Winter ဝမ်းဗိုက်ထဲ နွေးထွေးသွားသလို ခံစားရတယ်

ဟင့်အင်း အဲ့လိုမဖြစ်ရ​ဘူးလေ သူ့ကို လွယ်လွယ်နဲ့ခွင့်ပြုပေးလို့မရဘူး

"မင်း တို့ကို မုန်းနေမှန်းသိပါတယ် တို့ကို မုန်းပိုင်ခွင့်လည်း မင်းမှာရှိပါတယ် တို့ကဘဲ မင်းကို မင်းမလိုချင်တဲ့ ဘဝထဲ တွန်းပို့ခဲ့တာလေ တို့က တကယ် တစ်ကိုယ်ကောင်းဆန်တယ်နော်.... မင်း တို့ကိုထားသွားတာကို ခွင့်မပြုနိုင်ခဲ့သလို အခုထိ ခွင့်မပြုနိုင်ဘူး မင်း တို့ကို ခွင့်မလွှတ်နိုင်ဘူးဆိုရင်တောင် တို့ မင်းကိုလိုအပ်တယ် မင်းမရှိ​ဘဲ တို့အသက်မရှင်ချင်ဘူး အချစ်ရယ် "

Karinaပြောပြီး Winterရဲ့ ဆံပင်လေးတွေကို သပ်တင်ပေးလိုက်သည်

"ဖြစ်ခဲ့သမျှတွေ မင်း မေ့ပစ်လို့မရမှန်း တို့သိပါတယ် ပြီးတော့ စိတ်တိုနေမှန်းလည်း သိတယ် မင်းခံစားခဲ့ရတာတွေအတွက် တို့ကိုယ်တို့ ပြန်ပေးဆပ်ခိုင်းမှာပါ Minjeong "

"ဘယ်လို ငါ့ကို ခြိမ်းခြောက်အတင်းအကြပ်လက်ထပ်ခိုင်းပြီး ဒီကိုခေါ်လာတာက နင့်ကိုယ်နင် အပြစ်ပေးနေတာလား Karina "

Karinaက တကယ်ကို ရူးနေတာဘဲ

'မင်းသာမရှိရင် တို့ဘဝက ဒီထက်ပိုပြီး ဆိုးရွားနေမှာမို့လို့ မင်းကို ဒီပြန်ခေါ်လာခဲ့တာပါ တို့ မင်းကို လက်ထပ်ခဲ့တာက မင်းက တို့ဘဝရဲ့ အသက်လေးဖြစ်နေလို့ပါ အချစ်ရယ် မင်းက တို့အရင်ကရော အခုရော နောက်ရော အမြဲချစ်မိနေတဲ့ မိန်းကလေးမို့လို့ မင်းကို အဆုံးရှုံး မခံနိုင်ဘူး Aeriနဲ့ တို့မိဘတွေ သေပြီးနောက် တို့စိတ်တွေ အရမ်းလွတ်သွားတယ် ဒီလို ဖြစ်နေတာတွေကို မင်းတစ်​ယောက်ဘဲ ထိန်းပေးနိုင်မှာပါ တို့ မင်းကိုထိတွေ့နေချင်တယ် နမ်းရှိုက်နေချင်တယ် မင်းကို မြင်နေတွေ့နေရမှဖြစ်မယ် မင်းရဲ့ ဖြစ်တည်မှုက တို့ကို ပြန်ကောင်းလာစေတယ်"

"နင့်ကို ပေးဖို့ ငါ့မှာ ဘာမှမကျန်တော့ဘူး "

Karinaမှာ Winterရဲ့ လက်ကိုကိုင်ပြီး နဖူးချင်းထိတွေ့လိုက်သည်

"မင်းက တို့လိုအပ်တဲ့အရာအားလုံးပါဘဲ "

"အရင်တုံးကလို ပြန်ဖြစ်ချင်လို့ မရတော့ဘူးလေ Karina ကိစ္စတွေအများကြီး ဖြစ်ပျက်ခဲ့ပြီးနောက် ဒါက ဖြစ်သင့်တယ်လို့ နင်ထင်လား "

"အရင်ကလို ပြန်မဖြစ်နိုင်ပေမယ့် ငါတို့ ပြုပြင်လို့ရတယ်လေ ငါတို့အားလုံး ကြုံတွေ့ခဲ့ရပြီးပြီဆိုတော့ ပြောင်းလဲပြုပြင်လို့ရနိုင်ပါတယ် မင်းက တို့အမြဲချစ်နေမယ့် မိန်းကလေးဖြစ်နေသလို တို့ကလည်း မင်းရဲ့ Yu Jimin ဖြစ်နေတုံးပါဘဲ တို့ဘာလိုအပ်လည်း တို့သိတယ် Minjeong မင်းရော ဘာလိုအပ်လည်း "

"ငါတစ်ယောက်တည်းနေဖို့ လိုအပ်တယ် "

"အဲ့တာတော့ ခွင့်မပြုဘူး တစ်ခြားဘာလိုသေးလည်း "

Winterမှာ Karinaကို နာကျင်သွားအောင် ပြောလိုက်ချင်ပေမယ့်လည်း Karinaကို ဆောင့်သာတွန်းလိုက်သည်

Karinaမှာ လမ်းပျောက်နေတဲ့ ပါပီပေါက်စလေးတစ်ကောင်လို Winterနောက်ပြေးလိုက်သွားတယ်

"တို့က Yu businesses ရဲ့ CEO ဖြစ်နေတုံးဘဲ ဒါပေမယ့် အဲ့အလုပ်ကို အိပ်နေရင်းတောင် အေးဆေးလုပ်နိုင်တယ်ရယ် ပြီးတော့ ထောင်ကျပြီးနောက်ပိုင်း ဟိုလောကကနေ ခေါင်းဆောင်အဖြစ် ဆက်မလုပ်နိုင်ကြောင်း နုတ်ထွက်ခဲ့ပြီ ခု တို့မှာ အဲ့ကတည်းက roleမရွေးရသေးဘူး"

"ဒါဆို ခေါင်းဆောင်အသစ်က ဘယ်သူလည်း "

"မသိဘူး စိတ်လည်းမဝင်စားသလို ဂရုလည်းမစိုက်ဘူး "

Winter သူ့နှုတ်ခမ်းကို ဖိကိုက်မိသည်

သူ Karinaကို မယုံဘူးဖြစ်နေတယ်လေ

သံသယဝင်မိနေတယ် အဲ့ဒီဒုစရိုက်လောကနေ Karinaက လုံးဝထွက်လာခဲ့ပြီဆို မယုံနိုင်ဘူးလေ

"ဒီတော့ ငါက ထပ်ပြီး အဖမ်းခံထားရတဲ့ တိရစ္ဆာန်လေးထပ်ဖြစ်ပြန်တာပေါ့ "

"အခုကစပြီး မင်းကလုံခြုံ "

"ငါ့ဟာငါ နေရတာအဆင်ပြေတယ် Karina"

"ဟင့်အင်း မင်းမပြေပါ​ဘူး "

"ငါနင့်ကို အရမ်းမုန်းတယ် Karina "

Winterမှာ Karinaကို ထပ်တွန်းလွှတ်ပြီး Karinaရဲ့ အခန်းထဲမအိပ်ချင်တာနဲ့ Guest roomတစ်ခန်းထဲ ဝင်သွားလိုက်သည်

ထို့နောက် Guest roomထဲက ကုတင်ပေါ်တွင် Winter ပစ်လှဲကာ အိပ်လိုက်တယ်

ထိုစဥ် ကုတင်ပေါ်သို့ တစ်ယောက်ယောက်တက်လာတာကို Winter ခံစားမိလို့ ကြည့်လိုက်တော့ Karina ဖြစ်နေတယ်

"ဒီမှာ ဘာလုပ်နေတာလည်း "

"မင်းနဲ့အတူ အိပ်ချင်လို့လေ "

"ဒါ ငါ့နေရာလေ "

"မင်းနေရာကလည်း တို့နေရာဘဲလေ "

"ဘာတွေလျှောက်ပြောနေတာလည်း Karina "

Karina မှာ ဘာမှပြန်မပြောဘဲ Winter အိပ်သလို လက်ကို ဝမ်းဗိုက်ပေါ်သို့တင်ပြီး အိပ်လိုက်သည်

"Yu Business ရဲ့ CEOက ဘာအလုပ်မှမရှိဘူးလားရှင့် "

"အခု မိန်းမနဲ့အတူ ဟန်းနီးမွန်းထွက်နေလို့ ဘာအလုပ်မှမလုပ်နိုင်သေးပါ "

Karinaရဲ့ စကားကြောင့် Winterမှာ Karinaကို ခေါင်းအုံးနဲ့ပစ်ပေါက်လိုက်သည်

"မကောင်းတဲ့သူ "

"သိပါတယ်နော် "

"ထွက်သွားစမ်းပါဟာ နင့်ကိုမြင်ရင် အန်ချင်လာလို့ "

"ဒါဆိုရင် ဟွာလုပ်တာက ပျို့အန်ခြင်းကို ပျောက်စေတယ်လို့ ပြောကြတယ် "

"နင် ငါ့အသားကို ထိရဲထိကြည့် တရားစွဲပစ်မယ် "

"okပါ အချစ်လေးနဲ့အတူ တရားခွင်တက်မယ်လေ ပြီးရင်တော့ တစ်လက်စတည်း တရားရုံးမှာ လက်မှတ်အတူထိုးကြတာပေါ့ "

Winter မှာ Karinaကို ဘာမှပြန်မပြောတော့ဘဲ မျက်လုံးမှိတ်ကာ အိပ်လိုက်သည်

Winter နေ့လည်ခင်းဘက် နိုးလာတော့ သူ့ဘေးနား အိပ်မောကျနေတဲ့ Karinaကို မြင်လိုက်ရလို့ သိပ်တော့မကျေနပ်ပေ

Karinaကို လျစ်လျူရှုပြီး Winter ရေချိုးခန်းဘက် ထွက်လာလိုက်သည်

ပြီးတော့ မီးဖိုခန်းဘက် ထွက်လာပြီး Yizhuoကို သတိရသွားလို့ ဖုန်းဆက်ဖို့ Winter ဆုံးဖြတ်လိုက်သည်

Karinaက သူ့ဖုန်းကို ရိုက်ခွဲပြီး အသစ်ဝယ်ပေးပေမယ့် Yizhuoရဲ့ ဖုန်းနံပါတ်ကို Winter အလွတ်ရတယ်လေ

တစ်ဖက်က Yizhuo ငိုနေတာကို ကြားရတော့ Winter သူ့ကိုယ်သူ ဘာမှမလုပ်ပေးနိုင်လို့ မုန်းလာမိတယ်

သူ့ရှေ့မှာ သူချစ်တဲ့သူတွေ သေတုံးကလည်း သူဘာမှမလုပ်နိုင်ခဲ့ဘူး အခု သူအချစ်ဆုံး သူငယ်ချင်း ငိုနေတာကိုလည်း အနားရှိမပေးနိုင်ဘူး....

တကယ်အသုံးမကျတဲ့ ငါပါလား

Winter မှာ သူငိုနေတာကို Yizhuo မရိပ်မိအောင် အောက်နှုတ်ခမ်းကို ဖိကိုက်ထားမိသည်

#tbc

#zawgyi



























"ဒီတော့ ငါက ထပ်ပြီး အဖမ်းခံထားရတဲ့ တိရစ်ဆာန်လေးထပ်ဖြစ်ပြန်တာပေါ့ "








"ဒီမှာ ဘာလုပ်နေတာလည်း "


"ဒါ ငါ့နေရာလေ "







"မကောင်းတဲ့သူ "

"သိပါတယ်နော် "














#tbc

Bạn đang đọc truyện trên: TruyenHHH.com