TruyenHHH.com

Mine S2

Winterမှာ Tiffanyရယ် Taeyeonနဲ့အတူ နေ့လည်စာစားနေတဲ့အချိန်အတောအတွင်း Karina တစ်ယောက် ရိုင်းပြတဲ့ အပြုအမူတွေလုပ်မှာကို စိတ်ပူနေသည်

ဒါပေမယ့် Karinaကတော့ Winter ကိုသာ တစိမ့်စိမ့်ထိုင်ကြည့်နေသည်

Tiffanyကို သူစိမ်းတစ်​ယောက်လို Karina သတ်မှတ်ထားသည်

Tiffanyကို မေးထူးခေါ်ပြောလောက်ဘဲ Karina စကားပြောသည် Tiffany မေးရင်တော့ ကောင်းကောင်းမွန်မွန်ဖြေပေးလိုက်ပြီး တစ်ခြား အပိုစကားတွေတော့ မပြောပေ

ဒါပေမယ့် Taeyeonရဲ့ ဇနီးအဖြစ် Tiffanyက အဆင်ပြေတဲ့ မိန်းမတစ်ယောက်ဖြစ်ကြောင်း Karina စိတ်ထဲမှာတော့ ကောက်ချက်ချလိုက်သည်

ပြီးတော့ Taeyeonကို ကြည့်တဲ့ Tiffany အကြည့်တွေက တကယ်ဘဲ Taeyeonကို ချစ်မြတ်နိုးနေမှန်း Karina သတိထားမိတယ်လေ

တစ်လျှောက်လုံး Winterကဘဲ စကားပြောနေပြီး Karinaကတော့ ပါပီပေါက်လေးလို Winterကိုဘဲ ထိုင်ကြည့်နေလေရဲ့

Winter စကားပြောနေတာကို စိတ်ဝင်တစားထိုင်နားထောင်နေရတာမျိုး Karina သဘောကျသည်

"Unnieရဲ့ studioကို ဒီရက်ပိုင်းအတွင်း လိုက်ကြည့်ချင်လိုက်တာ "

Tiffanyရဲ့ fashionပိုင်းနဲ့ပတ်သက်တဲ့ studioအကြောင်း Winterက ပြောလိုက်သည်

Karinaကတော့ Winterရဲ့ပေါင်ကို လက်ညိုးနဲ့ drumတီးသလို တီးနေသည်

ထိုစဥ် Taeyeon နဲ့ Karina မျက်လုံးချင်းဆုံသွားတော့ Taeyeonက Karinaကိုပြုံးပြသည် သို့သော်လည်း Karinaက မသိချင်ယောင်ဆောင်နေသည်

Taeyeonမှာ စကားပြောနေကြတဲ့ ကောင်မလေးနှစ်ယောက်ကို ကြည့်ပြီး Karinaကို ထပ်ကြည့်ပြန်သည်

Karinaနဲ့မျက်လုံးချင်းထပ်ဆုံတော့ Karinaကို အပြင်ခဏထွက်ခဲ့ဖို့ အချက်ပြလေသည်

Karinaလည်း Winterကို ခဏခွင့်တောင်းပြီး သူ့အစ်မနောက် လိုက်သွားတယ်

"ဘာများလဲ အစ်မ "

Taeyeonမှာ ရယ်ပြီး ဘောင်းဘီအိတ်ကပ်ထဲ လက်နှိုက်ထားတဲ့ သူ့ညီမကို ဆွဲဖက်လေသည်

"သတိရနေတာ ပေါက်စလေး "

"ကလေးလိုမဆက်ဆံပါနဲ့ "

Karinaကပြောတော့ Taeyeonက ထပ်ရယ်သည်

"ဘယ်လိုခံစားရလဲ "

သူတို့မိဘတွေ သေဆုံးပြီးနောက် သူ့အစ်မစိတ်အခြေအနေကို Karina သိပ်မမေးဖြစ်ဘူးလေ အားနာပြီး မမေးဖြစ်တာလည်းပါတာပေါ့

ပြီးတော့ Taeyeon ဆေးရုံတက်တုံးကလည်း ခဏတဖြုတ်ဘဲ သွားကြည့်ခဲ့တယ် ဘာလို့ဆို Winterကို လိုက်ရှာနေရလို့လေ

"အခုလား အခု အရမ်းပျော်နေတယ်လေ ငါ့ညီမလေးက ငါ့ဘဝရဲ့ အချစ်ဆုံးလေးနဲ့တွေ့ပေးတာကို မပျော်ဘဲ နေရမလား "

"အဖေနဲ့အမေကရော သူနဲ့တွေ့ပြီးပြီလား "

Taeyeonက ခေါင်းညိတ်ပြသည်

"သူတို့တွေ့ခဲ့ပြီးပြီ "

"အမေတို့က သူ့ကိုချစ်ကြလား "

"ဒါပေါ့ အပြုံးလှလှလေးနဲ့ Tiffanyကို သူတို့မချစ်ဘဲ နေနိုင်ကြမလား "

Karinaလည်း ခေါင်းညိတ်ပြီး ကောင်းကင်ကြီးကိုသာ မော့ကြည့်လိုက်သည်

"လာပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ငါတကယ် ဝမ်းသာမိတယ် သိလား "

"အင်း "

Taeyeonရဲ့ မျက်ဝန်းတွေကိုကြည့်ရင်း Karina သူတို့ငယ်ဘဝကို သတိရသွားမိသည်

******

"ငါတို့ ဒီမှာဘာလုပ်နေတာလဲ "

Bodyguardတွေလည်းမရှိ လူသူမရှိတဲ့ ကားပါကင်တွင် Winter တစ်ယော​က် Karinaကို မေးလိုက်သည်

Karinaမှာ Winterကို မျက်ခုံးပင့်ပြပြီး တစ်နေရာကို ညွှန်ပြသည်

"Disneyland....."

"မင်းဘဲ Romance movieတွေထဲကလို ရူးကြောင်ကြောင် အချစ်ဇာတ်လမ်းမျိုး လိုချင်တယ်ဆို "

Karinaက ပြောပြီး Winterရဲ့ လက်ကို တွဲလိုက်သည်

"အဲ့လိုရူးကြောင်ကြောင် အချစ်ဇာတ်လမ်းမျိုး ဖန်တီးဖို့ဆိုရင် ဒီနေရာက အကောင်းဆုံးမဟုတ်လား "

Winterမှာ Karinaက စိတ်လှုပ်ရှားစွာပြောနေလို့ နောက်နေတာ မဟုတ်မှန်းသိပြီး ပါးစပ်အဟောင်းသား ဖြစ်နေသည်

"ရူးနေတဲ့သက်တော်စောင့်တွေ မပါဘဲ ငါတို့နှစ်ယောက်ထဲလား "

"Haha Mike ကတော့ မင်းပြောတဲ့စကားသာကြားရင် စိတ်ဆိုးသွားမှာဘဲ '

"မဆိုးလောက်ပါဘူး '

"လာ သွားကြစို့ "

Karinaမှာ Winter လက်ကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ပြီး ဝင်ပေါက်သို့ သွားလိုက်သည်

Winterကလည်း အရမ်းပျော်ပြီး Karinaနောက်ကို လိုက်သွားသည်

ကစားကွင်းထဲရောက်တော့ လူတွေစည်ကားမနေဘဲ တစ်ယောက်မှရှိမနေလို့ Winter ထူးဆန်းနေရပြန်သည်

"ဘာလို့ လူတွေတစ်ယောက်မှမရှိရတာလဲ "

"ဘာလို့လဲဆိုတော့ ဒီနေရာတစ်ခုလုံးကို တို့ ငှားထားလို့ "

Karinaရဲ့ စကားကြောင့် Winter ပါးစပ်အဟောင်းသား ဖြစ်သွားတယ်

"နင် ငှားနိုင်တယ်ပေါ့ "

"ဒါပေါ့ "

"Okay နင် ဘယ်လောက်ထိ ချမ်းသာတာလဲ နင့်ပိုက်ဆံတွေနဲ့ ပတ်သက်ပြီး ငါ့ကို တစ်ခါမှ မပြောဖူးဘူးနော် "

"မင်းကရော တို့ကိုမေးဖူးလို့လား "

"ဟင့်အင်း ပြောရမှာ ပျင်းတယ် "

"ဒါကြောင့်မို့လို့ တို့တွေ ပိုက်ဆံကိစ္စမပြောဖြစ်ကြတာပေါ့ "

"Okay ဒါပေမယ့် Paridက Disneyland တစ်ခုလုံးကို ငှားနိုင်တယ်ဆိုတော့ ငါ့မိန်းမက ချမ်းသာတာထက်ပိုနေပြီဘဲ "

"ငါတို့နှစ်ယောက်လုံး ချမ်းသာပါတယ် "

"Jimin ငါ့ကို ကုန်းပိုး "

"ဟမ် "

"ရူးကြောင်ကြောင် အချစ်ဇာတ်လမ်းဖန်တီးကြမယ်လေ ငါ့ကို ကုန်းပိုးရမယ် ပြီးရင် ငါနဲ့အတူ ဆော့ပေးရမယ် ချစ်စရာကောင်းတဲ့အရုပ်ရအောင် ဖန်တီးပေးရမယ် ပြီးရင် ရိုလာကိုစတာတွေစီးကြမယ် အဲ့တာပြီးရင်တော့ မီးပန်းဖောက်တာတွေ အတူကြည့်ရင်း နင်ကငါ့ကို ချစ်တယ်လို့ပြောပြီး ဖက်နမ်းရမယ် "

"ferries wheelမှာ မင်းကို တို့ fuckလို့လည်းရတယ်မဟုတ်လား "

Karinaရဲ့စကားကြောင့် Winterမှာ Karina ပခုံးကို ထုရိုက်လိုက်သည်

"ပေါက်ကရမပြောနဲ့ Yu Jimin "

Flashback

သူ့အဖေရဲ့ စကားဟာ Karinaရဲ့ နားထဲ ဆက်တိုက်ဝင်နေတယ်

"သူ့ကို ဂရုစိုက်စောင့်ရှောက်ပေးလိုက် Karina အဲ့ကလေးမလေးမှာ သူငယ်ချင်းမရှိဘူး "

အဲ့ကလေးမလေးက မဆိုးပေမယ့် စကားအရမ်းပေါတာတော့ Karinaသိသည်

မှတ်မိသလောက်ဆို အဲ့ကလေးမလေးနာမည်က Minjeongဆိုလားဘဲ

Minjeongက Mr.Kimရဲ့ သမီး .....Company ဒေဝါလီခံရလို့ Mr.Kimတို့က စုတ်ပြတ်သွားပေမယ့် Minjeongကတော့ သာမန်ဘဝနဲ့နေရတာကို ပိုသဘောကျသလိုပင်

ဘာဖြစ်နေနေပါ ဘာလို့ Karinaက အဲ့ကလေးမလေးကို ထိန်းရမယ်ဆိုတာ နားမလည်နိုင်ဖြစ်နေသည်

"ohh နင်ပါ့လား Jimin မဟုတ်လား "

Karinaကိုတွေ့တော့ Minjeongမှာ နှုတ်ဆက်လိုက်သည်

"Karina ပါ "

Karinaမှာ ခေါင်းခါယမ်းပြီး ပြောလိုက်သည်

"ဟမ် ဒါဆို Jiminက ဘယ်သူလဲ သူက နင်နဲ့ တော်တော်တူတာနော် အမြွှာတွေလား "

Minjeongမှာ မျက်မှောင်ကြုတ်ပြီး မေးလိုက်သည်

"မဟုတ်ပါ​ဘူး Jiminကလည်း ငါဘဲ ငါ့မိသားစုက ငါ့ကို Jiminလို့ ခေါ်ကြတာ "

"Aww Karinaက ကျ နင့်ရဲ့ နိုင်ငံခြားနာမည်ပေါ့ ငါ့မှာလည်း အဲ့လိုနာမည်ရှိတယ် Winter တဲ့ နင်ငါ့ကို Winterလို့လည်း ခေါ်လို့ရတယ် "

"Winter..."

Karinaမှာ ခပ်ခွာခွာကနေ မတ်တပ်ရပ်ရင်း ခေါင်းညိတ်ပြလိုက်တယ်

"ဟိတ် နင် အဲ့မှာဘဲ ရပ်နေမှာလား ထူးဆန်းလိုက်တာဟယ် "

"ထူးဆန်းလိုက်တာ ...."

"နင် ငါ့ဘေးနား လာထိုင်ချင် လာထိုင် မထိုင်ချင်ဘူးဆိုလည်း သွားလို့ရတယ်နော် "

Karinaလည်း ခဏတွေဝေသွားပြီးနောက် Winterဘေးနား ဝင်ထိုင်လိုက်သည်

"အဖေက ငါ ကျောင်းပြောင်းရအုံးမယ်လို့ ပြောတယ် အခု ပိုက်ဆံတွေပြန်ရှိလာပြီဆိုတော့ private school ထားမယ်လို့ ပြောတယ် ဘယ်ကျောင်းနေနေဟာ ဘာကွာလို့လဲ ဒီစာတွေဘဲ သင်နေရတာမဟုတ်လား "

"မင်းက ဘယ်ကျောင်းပြောင်းရမှာလဲ "

"FMလား Amလား နေပါအုံး Mတော့ Mပါပါတယ် "

Karinaမှာ ရယ်ချင်စိတ်ကို ထိန်းထားရပြီး

"SMပါ ငါလည်း အဲ့မှာတက်တယ်လေ "

"လူချမ်းသာတွေဘဲ တက်တဲ့ကျောင်းလား ဒါနဲ့ ဒါဆို နင်ကငါ့ရဲ့ ပထမဆုံး သူငယ်ချင်းပေါ့ "

Winterက ရုတ်တရက် သူ့လက်မောင်းကို လာတွဲသောကြောင့် Karina ကျောက်ရုပ်ဖြစ်သွားသလိုပင်

"ချမ်းသာတယ်ဆိုတာလည်း ပြောသလောက်ကြီး မိုက်မနေပါဘူး ငါလေ သူငယ်ချင်းတွေအများကြီးကိုဆုံးရှုံးခဲ့ရတာ ပိုက်ဆံတွေရှိရင် အားလုံးကို ပိုင်ဆိုင်နိုင်ပြီ ထင်ရပေမယ့် တကယ်တမ်းတော့ ဟုတ်မနေဘူးဟ "

"တကယ်တော့ "

Karinaကပြောဖို့ ကြိုးစားပေမယ့် Winterက ဆက်ပြောသည်

Karinaလည်း ဘာမှမပြောတော့ဘဲ စကားပြောနေတဲ့ Winterကိုဘဲ ထိုင်ကြည့်နေလိုက်သည်

"နင်က တကယ်ထူးဆန်းတယ်နော် Karina "

"မင်းကတော့ စကားတအားပေါတယ် "

"ငါတို့ သူငယ်ချင်းလုပ်လို့ရတာဘဲ "

"မင်းအသံကအရမ်းဆူလွန်းတယ် "

"Excuse me ငါ့ကို အသံအရမ်းကောင်းတယ်လို့ ချီးကျူးကြတာပါနော် "

Karinaမှာ Winterကို စိုက်ကြည့်ပြီး

"ဒါဆို သီချင်းဆိုပြ "

"Special people တွေ အတွက်ဘဲ ဆိုပြတာပါနော် ဟွန့် "

Karinaမှာ သူ့ကိုရန်လုပ်နေတဲ့ Winter ကို မျက်တောင်မခတ် စိုက်ကြည့်နေမိသည်

Karina ဘဝတစ်လျှောက်လုံး ဘယ်သူ့အပေါ်မှာမှ စိတ်ဝင်စားခြင်းမရှိခဲ့ဘူး ဘယ်သူတွေက ဘာလိုလာပြီး မိတ်ဆက်မိတ်ဆက် စိတ်ဝင်စားခြင်း လုံးဝကိုမရှိခဲ့သူပါ

Winterနဲ့တွေ့မှဘဲ Karina စိတ်ဝင်စားမိပြီး Winter စကားပြောနေတာလေးတွေကို ထိုင်နားထောင်ချင်စိတ်ဖြစ်လာတယ်

"ကျောင်းရောက်ရင် နင့်ကို ဘယ်လိုရှာရမလဲ ဆက်သွယ်စရာရှိလား "

"ငါ့ဖုန်းနံပါတ် တောင်းနေတာလား"

"ဒါပေါ့ဟ "

"ငါ့ဖုန်းနံပါတ်ကို special people တွေကိုဘဲ ပေးမှာ "

Karinaက ပြောပြီး Winter ကို ပြောင်ပြလိုက်သည်

End of flashback

#tbc

#zawgyi
















"ဘာများလဲ အစ်မ "


"သတိရနေတာ ပေါက်စလေး "

"ကလေးလိုမဆက်ဆံပါနဲ့ "


"ဘယ်လိုခံစားရလဲ "











"အင်း "


******




"Disneyland....."







"မဆိုးလောက်ပါဘူး '

"လာ သွားကြစို့ "







"နင် ငှားနိုင်တယ်ပေါ့ "

"ဒါပေါ့ "








"ဟမ် "





Flashback









"Karina ပါ "






"Winter..."



"ထူးဆန်းလိုက်တာ ...."











"တကယ်တော့ "









"ဒါဆို သီချင်းဆိုပြ "







"ဒါပေါ့ဟ "



End of flashback

#tbc

Bạn đang đọc truyện trên: TruyenHHH.com